SJ WorldNews - шаблон joomla Авто

ပန်းတနော်မြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Friday, 24 April 2020 14:25 font size decrease font size decrease font size increase font size increase font size

ပန်းတနော်  ဧပြီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်  ဆင်ချောင်းကျေးရွာ၌   ယမန်နေ့ နံနက် ၁၁ နာရီခွဲက မီးဖိုရှိ မီးကြွင်း မီးကျန် မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ    ပန်းတနော်မြို့နယ်  ဆင်ချောင်းကျေးရွာနေ ဦးသိန်းထွန်း(ခ) လွယ်ထူး၏(၁၃ x ၁၀)ပေ ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်းနေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်ကို မီးစတင်လောင်ကျွမ်း ပြီး အနီးရှိနေအိမ်များသို့   မီးကူးစက် လောင်ကျွမ်းခဲ့သည်။

အဆိုပါ  မီးလောင်မှုဖြစ်ပွားရာသို့ ပန်းတနော်မြို့နယ်    မီးသတ်ဦးစီးမှူး  ဦးမောင်မောင်ဦး ဦးစီး သနေ်္ဓမီးသတ်တပ်ဖွဲ့ ၀င်များက  မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ဒေသခံပြည်သူများနှင့်အတူ ၀ိုင်းဝန်းငြှိမ်း သတ်ရာ မွန်းလွဲ ၁၂ နာရီမိနစ် ၂၀  တွင်  မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဦးသိန်းထွန်း၏ နေအိမ်အပါအ၀င် စုစုပေါင်းနေအိမ် ခြောက်လုံး တန်ဖိုးငွေကျပ် ၇၃၄၉၀၀၀ ခန့်   ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  ဦးသိန်းထွန်း (ခ) လွယ်ထူးအား    ပန်းတနော်မြို့မ ရဲစခန်းက (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီး  ဥပဒေပုဒ်မ ၂၈၅ ဖြင့်  အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 46 times Last modified on Friday, 24 April 2020 14:26