SJ WorldNews - шаблон joomla Авто

မော်တော် ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်

Friday, 24 April 2020 14:26 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး  ဧပြီ  ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်းအပိုင် ရန်ကုန်-မန်္တလေးကားလမ်း ဟောင်းမိုင်တိုင်အမှတ်(၉၈/၃)နှင့် (၉၈/၄) အကြား ကျောက်တံခါးမြို့အ၀င် မူခရမ်း ကျေးရွာအနီး ကန့်ကြုံနီချောင်းတံတားထိပ် ၌ ယမန်နေ့နံနက် ၈ နာရီခွဲက အချိုရည်ဘူး များတင်ဆောင်လာသော  ၁၂  ဘီးယာဉ် တစ်စီး   လမ်းဘေးထိုးကျတိမ်းမှောက်မှု ဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက် သို့ စောလားဂေးသိန်းမောင်းနှင်ပြီး ဦးသန်းလှိုင်လိုက်ပါလာသော ယာဉ် အမှတ် MDY- 9B / ----- နစ်ဆန်းဒီဇယ် အမျိုးအစားအဖြူ ရောင် ၁၂ ဘီးယာဉ်မှာ အချိုရည်ဘူးများ တင်ဆောင် မောင်းနှင်လာစဉ်  ကန့်ကြုံနီ ချောင်းတံတားထိပ် အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်ပေါ် ပါသူတို့မှာ ထိခိုက်ဒဏ်ရာ မရရှိဘဲ ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဘော်ဒီ ပိန်ချိုင့်၊ ကရောင်း နှင့် တိုက်ရော့အဆက် ကျိုးပျက်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စောလားဂေးသိန်းအား  ကျောက်တံခါး မြို့မ ရဲစခန်းက ယာဉ်(ပ)၁၉/၂၀၂၀၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ကို (ကျောက်တံခါး)

Read 48 times Last modified on Friday, 24 April 2020 14:27