SJ WorldNews - шаблон joomla Авто

ရေမဆေးကျောက် ရှာဖွေစဉ် မြေစာပုံပြိုကျရာမှ သုံးဦးသေဆုံး

Saturday, 25 April 2020 10:14 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီမှော်ဒေသလုပ်ကွက်(၂) မြေစာပုံဟောင်း၌ ဧပြီ ၂၄ ရက် ညနေ ၄ နာရီခွဲက မြေစာပုံပြိုကျရာမှ    ရေမဆေးကျောက် ရှာဖွေသူ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ် မော်ဟန်ဒေသ နမ္မချီမှော်လုပ်ကွက်(၂) မြေစာပုံဟောင်း၌ ရေမဆေးကျောက် ရှာဖွေသူ မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာနေ အောင်မိုးကျော် ၂၆ နှစ်၊ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာနေ   အောင်ကိုမင်း၂၆ နှစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာနေ ကျော်တင်၃၃ နှစ်တို့ သုံးဦးသည် ကျောက်ရှာရင်း မြေစာပုံပြိုကျသဖြင့် မြေစာပိကာ သေဆုံးပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်နေ အောင်မြင့်ထွန်း ၃၇ နှစ်မှာ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ၊ လက်မောင်းနှစ်ဖက် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသောကြောင့် မိုးညှင်းပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူများအား   ဓမ္မတာအတိုင်း  သေဆုံးခြင်းဟုတ်၊ မဟုတ်  သိရှိနိုင်ရန်    စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

 

Read 44 times Last modified on Saturday, 25 April 2020 10:15