SJ WorldNews - шаблон joomla Авто

မိလ္လာကျင်း အသစ်တူးစဉ် ကျင်းဟောင်းပြိုကျသဖြင့် လေးဦးသေဆုံး

Saturday, 25 April 2020 10:17 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဆောင်ကြဲကျေးရွာ၌ ဧပြီ ၂၃ ရက် ညနေ ၆ နာရီခွဲက မိလ္လာကျင်းအသစ်တူးရာမှ ကျင်းဟောင်းပြိုကျ၍ လေးဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သီပေါမြို့မရဲစခန်းမှ ဒုတိယရဲအုပ်သန်းထိုက် တာဝန်မှူး ဆောင်ရွက်နေစဉ် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာ၌ လူလေးဦး သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ   စခန်းမှူး    ဒုတိယရဲမှူးသန်းထွေး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ ဦးအိုက်လှ၄၈ နှစ် နေအိမ်ရှေ့ဘက် မိလ္လာကျင်းဟောင်းဘေးတွင် ဦးအိုက်လှနှင့်အတူ ၎င်း၏သားသုံးဦးက မိလ္လာကျင်းအသစ် အလျား ၅ ပေ၊အနံ ၃ ပေရှိကျင်းကို တူးဖော်နေစဉ် တွင်းအနက်   ၁၈ ပေခန့်အရောက်၌   အနီးရှိမိလ္လာကျင်းဟောင်း နံရံပြိုကာ ကျင်းဟောင်းမှ ရေများနှင့်     မစင်များ ထွက်ကျလာသဖြင့်   တစ်ဦးနှင့်တစ်ဦး   ဆယ်ယူရာမှအောက်ဆီဂျင်ပြတ်လပ်ကာ    သေဆုံးခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအိုက်လှ၊ စိုင်းသီဟ၊ ဇော်ဦး၊ မိုးအောင်တို့ လေးဦးသေဆုံးခြင်းကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် သီပေါမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၅/၂ဝ၂ဝ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

Read 44 times Last modified on Saturday, 25 April 2020 10:19