SJ WorldNews - шаблон joomla Авто

ခင်ဦး-မုံရွာရထားလမ်းရှိ ဇလီဖားတုံးများ မီးရှို့ဖျက်ဆီးခံရ

Saturday, 25 April 2020 10:23 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး-မုံရွာရထားလမ်း တံတားအမှတ်(၃ဝ၆)ရှိ   ဇလီဖားတုံးများ   မီးရှို့ဖျက်ဆီးခံရကြောင်း ခင်ဦးဘူတာရုံ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် နံနက် ၁ နာရီခန့်က ခင်ဦးမြို့နယ်ရှိ မြစ်တော်ဘူတာနှင့် အင်းပတ်ဘူတာကြား ခင်ဦး-မုံရွာရထားလမ်း မိုင်တိုင်အမှတ်(၅၂၁/၃)နှင့် (၅၂၁/၄)ကြား တံတားအမှတ်(၃ဝ၆)မှာ လွန်ခဲ့သောငါးနှစ်ခန့်က မိုးရွာပြီးအုတ်ခုံများ ရေတိုက်စား၍ ပျက်စီးသွားသောကြောင့် သစ်သားဇလီဖားတုံး ၁ဝဝ တုံးခန့် ထပ်ခွေ၍ ရထားသွားလာမှု အဆင်ပြေစေရန် ယာယီဆောင်ရွက်ထားသည့်နေရာတွင် မီးလောင်နေကြောင်း ရထားလမ်းဂိတ်စောင့် ဦးမြင့်နိုင်က ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ၎င်းယာယီပြုလုပ်ထားသော သစ်သား ဇလီဖားတုံး ၁ဝဝ နှင့် တံတားပေါ်တွင်လက်ရှိ အသုံးပြုလျက်ရှိသော သစ်သားဇလီဖားတုံး ၁၅ တုံး စုစုပေါင်း သစ်သား ဇလီဖားတုံး  ၁၁၅ တုံး  မီးလောင်ကျွမ်းနေသည်ကို တွေ့ရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းက (ပ)၁၄၇/၂ဝ၂ဝ၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေပုဒ်မ-၈၄ အရ အမှုဖွင့်ကာ တရားခံ  အမြန်ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။

 

Read 40 times Last modified on Saturday, 25 April 2020 10:25