SJ WorldNews - шаблон joomla Авто

မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်

Saturday, 25 April 2020 10:28 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး   မြန်အောင်မြို့နယ်  အင်ပင်မြို့  ကညင်ငူကျေးရွာအုပ်စု ကညင်ငူရွာမကျေးရွာ၌ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် ကညင်ငူရွာမကျေးရွာနေ ဒေါ်ငွေတင် ၈၂ နှစ်သည် ၎င်း၏ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်မီးဖိုခန်းတွင် ထမင်းဟင်းချက်ပြုတ်ပြီး မီးကိုစနစ်တကျ မငြှိမ်းသတ်သဖြင့် မီးဖိုရှိမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့  မီးကူးစက်လောင်ကျွမ်းရာ  အင်ပင်မြို့မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များက       မီးငြှိမ်းသတ်ရေယာဉ်တစ်စီးဖြင့် ဒေသခံပြည်သူများနှင့် အတူ ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့်      လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ဒေါ်ငွေတင်၏ နေအိမ်တစ်လုံး တန်ဖိုးငွေကျပ် ၈၉၁ဝဝဝ ခန့်  မီးလောင်ဆုံးရှုံးသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍    မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်ငွေတင်အား အင်ပင်နယ်မြေ ရဲစခန်းက (ပ)၂၂၃/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

 

Read 43 times Last modified on Saturday, 25 April 2020 10:29