SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့၌ WY စိတ်ကြွဆေးပြားနှင့် ဆေးခြောက်များ သိမ်းဆည်းရမိ

Saturday, 25 April 2020 10:34 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့   အေးရိပ်ငြိမ်ရပ်ကွက်   ဗထူးလမ်းရှိ နေအိမ်တစ်အိမ်၌ ဧပြီ ၂၃ ရက် ညနေပိုင်းက စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့နယ် ကော့သောင်း မူးယစ်တပ်ဖွဲ့စု(၃၄)မှ ဒုတိယရဲအုပ် ဇင်မိုးဦးနှင့်  တပ်ဖွဲ့ဝင်များသည်   မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဗထူးလမ်းနေ သန်းထိုက် ၃၅ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ ဆိုင်ကယ်ဘေး ဘက်ထရီထည့်သည့် အံအတွင်းမှ   WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂ဝ ပြားနှင့်ဆေးသုံးသည့် ဆက်စပ်ကိရိယာများနှင့်အတူ သိမ်းဆည်းရမိသည်။

ဆက်လက်၍  ၎င်းကိုစစ်မေးရာ  ယင်းမူးယစ်ဆေးဝါးများ ဝယ်ယူခဲ့သည့် ကွင်းဆက်တရားခံများဖြစ်သော အေးမြကန်သာရပ်ကွက် ဆင်ဖြူရှင်လမ်း လေးခန်းတွဲ တန်းလျားနေ အောင်စိုးဟိန်း(ခ)ဘိတ်သား ၃၇ နှစ်ထံမှ ဆေးခြောက်စေ့ ၇ ဂရမ်နှင့်    အေးရိပ်ငြိမ်ရပ်ကွက်     ဦးအောင်ဇေယျ(၁)လမ်းနေ စောဝေခင် (ခ)ညီညီ ၄၃ နှစ်ထံမှ စိတ်ကြွဆေးပြား ၁၃ဝဝ ပြားနှင့် ဆေးခြောက် ၇ဝ ဂရမ်တို့ကို ထပ်မံသိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းထိုက်၊ အောင်စိုးဟိန်း(ခ)ဘိတ်သား၊ စောဝေခင်(ခ)ညီညီတို့အား ကော့သောင်းမြို့မ ရဲစခန်းက မူးယစ်ဆေးဝါး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Read 47 times Last modified on Saturday, 25 April 2020 10:35