SJ WorldNews - шаблон joomla Авто

လောင်းလုံးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်းနေသူများ ဖမ်းဆီးရမိ

Saturday, 25 April 2020 12:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရှင်မော်၏ အနောက်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာသို့ အရောက်၌ ပြည့်စုံအောင်အမည်ရှိ လှေတစ်စင်းဖြင့် တရားမဝင် ငါးခိုးဖမ်းနေသည့် ပိုင်ဌေး(ဘ)ဦးမြင့်သိန်း အပါအဝင် အမျိုးသားခုနစ်ဦးကို  တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေအား ထားဝယ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။            

 

Read 47 times Last modified on Saturday, 25 April 2020 12:26