SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ထားရှိသူအား ဖမ်းဆီးရမိ

Sunday, 26 April 2020 11:24 font size decrease font size decrease font size increase font size increase font size

အင်းတော်၊ မူးယစ်မှု

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ဧပြီ ၂၄ ရက် နံနက် ၆ နာရီတွင် သတင်းအရ တာဝန်ရှိသူများက သစ်ပုံလွင်ကျေးရွာရှိ ငါးစောင့်တဲအတွင်း ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူများ နှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းတော်မြို့နယ် မဲဇာရဲကင်းစခန်းမှ ရဲအုပ်မျိုးမင်းအောင်နှင့် အဖွဲ့သည် သတင်း အရ အင်းတော်မြို့နယ်သစ်ပုံလွင်ကျေးရွာနေ မင်းမင်းသော်(ခ)ဖိုးလုံး ၃၅ နှစ်၏ ငါးစောင့်တဲ အတွင်းဝင်ရောက်ရှာဖွေရာ မင်းမင်းသော်အား တွေ့ရှိရပြီး တဲအတွင်းမှ ကော်ဘူး/ ပင်နီဆီ လင်ပုလင်းတို့ဖြင့်ထည့်လျက် ဘိန်းဖြူသုည ဒသမ ၈ ဂရမ် ကာလတန်ဖိုးငွေကျပ် ၈ဝဝဝဝ၊ 88/1 စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၃ဝ ကာလတန်ဖိုး ငွေကျပ် ၁၅ဝဝဝဝ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ် ၂၃ဝဝဝဝ  ကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းသော်အား အင်းတော်မြို့မရဲစခန်းက မူးယစ်(ပ)အမှတ် ၆၅/ ၂ဝ၂ဝ၊ မူး/ စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့်ထားကြောင်းသိရသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မအို့ကျေးရွာအုပ်စု မအို့ကျေးရွာ၌ ဧပြီ ၂၄ ရက် နံနက် ၉ နာရီခွဲက ငွေကျပ်သိန်း ၄ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြား(အကြေမှုန့်)များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၉)မှ မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ရှာဖွေခွင့်ဝရမ်းဖြင့် မအို့ ကျေးရွာအုပ်စု မအို့ကျေးရွာနေ မိုးဒီ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ မိုးဒီကိုနေအိမ်တွင် အသင့်တွေ့ရပြီး ဆက်လက်ရှာဖွေရာ ဖြူ/နီကျားပါအနက်ရောင် ဘေးလွယ်အိတ်အတွင်းမှ အကြည်ရောင် ပလတ်စတစ်ဖြင့် ထုပ်လျက် အစိမ်းရောင်စိတ်ကြွဆေးပြား(အကြေမှုန့်) ၄ဝဝ ဂရမ်ကို သိမ်းဆည်းရမိသည်။

အဆိုပါ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မိုးဒီ ၂၅ နှစ် မိုင်းဆတ်မြို့ မအို့ကျေးရွာအုပ်စု မအို့ကျေးရွာနေသူအား မိုင်းတွမ်းနယ်မြေရဲစခန်းက မယ(ပ)၂၆/၂ဝ၂ဝ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။     

(၄ဝ၉)၊ မြင့်မောင်(မိုင်းဆတ်)

Read 52 times Last modified on Sunday, 26 April 2020 11:26