SJ WorldNews - шаблон joomla Авто

လောင်းလုံးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးခိုးဖမ်းနေသူများ ဖမ်းဆီးရမိ

Sunday, 26 April 2020 22:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရှင်မော်ဘုရား ၏အနောက်ဘက်ရေမိုင် ၁၈ မိုင်ခန့်အကွာသို့အရောက်၌ သီရိသံသာထွန်း အမည်ရှိလှေ တစ်စီးဖြင့် တရားမဝင် ငါးခိုးဖမ်းနေသည့် ဦးစိုးဦး(ဘ)ဦးစိုးမြင့် အပါအဝင် အမျိုးသား ၉ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့်လှေအား ထားဝယ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 47 times Last modified on Sunday, 26 April 2020 22:42