SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင် အတွင်း တရားမဝင် ငါးခိုးဖမ်းနေသူများဖမ်းဆီးရမိ

Tuesday, 28 April 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ဝါးကျွန်း၏ အရှေ့ဘက် ရေမိုင် ၁ ဒသမ ၅ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၄၅ ပေ၊ အနံ ၉ ပေ ၁ဝ လက်မ၊ ရေစူး ၂ ပေ ၁ဝ လက်မခန့်ရှိ တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေတစ်စင်း အား တင်ကိုဦး(ဘ) ဦးလွန်းတင် အပါအဝင်အမျိုးသား ငါးဦးအား လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် ၎င်းနေရာနှင့် အနီးတစ်ဝိုက်၌ အလျား ၄၅ ပေ ၆ လက်မ၊ အနံ ၁ဝ ပေ ၆ လက်မ၊ ရေစူး ၃ ပေ ၉ လက်မခန့်ရှိ တရားမဝင် တရွတ်ဆွဲ ငါးဖမ်းလှေတစ်စင်းအား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများအား ရေးမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                   

 

Read 47 times Last modified on Tuesday, 28 April 2020 09:29