SJ WorldNews - шаблон joomla Авто

ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကမ်းဝေး ငါးဖမ်းလှေ တစ်စင်း ဖမ်းဆီးရမိ

Tuesday, 28 April 2020 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခန့်တွင် ပြင်စဘုကျွန်း၏ တောင်ဘက် ရေမိုင် ၃ ဒသမ ၃ မိုင်ခန့် အကွာသို့ အရောက်၌ အလျား ၇၄ ပေ ၉ လက်မ၊ အနံ ၁၇ ပေ ၄ လက်မ၊ ရေစူး ၈ ပေခန့်ရှိ လင်းလင်းအောင်(၅၄) အမည်ရှိ စည်းပျက်ကမ်းဝေး ငါးဖမ်းလှေတစ်စင်းကို ဦးကျော်ဝေဦး (ဘ) ဦးထွန်းဝေ အပါအဝင် အမျိုးသား ၁၄ ဦးနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေအား မြိတ်မြို့ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

Read 46 times Last modified on Tuesday, 28 April 2020 09:32