SJ WorldNews - шаблон joomla Авто

မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

Wednesday, 29 April 2020 19:42 font size decrease font size decrease font size increase font size increase font size

မင်းဘူး၊ မီးလောင်မှု

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု မန်းကျိုးကျေးရွာ၌ ဧပြီ ၂၈ ရက်နံနက် ၃ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရ သည်။

ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာနေ ဦးကံဝင်း ၆၃ နှစ်သည် ၏နွားစာ တင်းကုပ်အနီးရှိ ထန်းလက်အခြောက်များကို မီးရှို့ထားရာမှ နွားစာတင်းကုပ်အား မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၁၅ x ၁၅ ပေ)၊  သွပ်မိုး၊ ထရံကာနွားစာတင်းကုပ် တစ်လုံးမီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန်းရေနံမြေနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးဇင်နှင့် တပ်ဖွဲ့ ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင် သုံးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ငါးဦးတို့က မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ရာ နံနက် ၃ နာရီခွဲတွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဦးကံဝင်းအား စကုနယ်မြေ ရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

မောင်မောင်(မင်းဘူး)

Read 50 times Last modified on Wednesday, 29 April 2020 19:43