SJ WorldNews - шаблон joomla Авто

လားရှိုးမြို့နယ်၊ ပန်ဟုန်းကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 01 May 2020 10:13 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  ဧပြီ  ၃ဝ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပန်ဟုန်းကျေးရွာ၏ တောင်ဘက်မီတာ ၁ဝဝဝ ခန့်အကွာနေရာသို့ အရောက်၌ ချုံပုတ်အတွင်းမှ   ပလတ်စတစ် အမည်းရောင်အိတ်ဖြင့် ထည့်ထားသော  တစ်ခွက်လျှင် ၁ဝ ဂရမ်ခန့်စီပါ ဘိန်းဖြူမှုန့်ရောင်စုံ ဆပ်ပြာခွက် ၄၄ ခွက်  (ဘိန်းဖြူမှုန့် ၄၄ဝ ဂရမ်) (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၃ဝ ကျော်)ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

 

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လားရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                   

 

Read 41 times Last modified on Friday, 01 May 2020 10:14