SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 01 May 2020 10:15 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ဧပြီ ၃ဝ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့် တွင် ညောင်ဝိကျွန်းအနီးသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်ပါသူများမှာ ထွက်ပြေးသွားခဲ့ပြီး လှေပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား  ၅၂၁ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ သိန်းကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိ လှေနှင့် မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 46 times Last modified on Friday, 01 May 2020 10:16