SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ် တစ်စီး အရှိန် မထိန်းနိုင်ဘဲ ရေမြောင်းအတွင်းထိုးကျတိမ်းမှောက်

Sunday, 03 May 2020 11:02 font size decrease font size decrease font size increase font size increase font size

ရွှေဘို၊ ယာဉ်တိမ်းမှောက်မှု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို- မနလေး ကားလမ်း၌  မော်တော်ယာဉ်တစ်စီးအရှိန် မထိန်းနိုင်ဘဲ  ရေမြောင်းအတွင်း   ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘို-မန္တလေးကားလမ်း အတိုင်း ဆေးနှင့် ဆေးပစ္စည်းများ တင်ဆောင်၍ မန်္တလေးမှ ရွှေဘိုဘက်သို့ ယာဉ်

မောင်း မျိုးခင်ဇော် ၃၄ နှစ် မောင်းနှင် လာသော ယာဉ်အမှတ် YGN---- High  Class Express Yu Tong အမျိုး အစား အ၀ါရောင်ယာဉ်မှာ မိုင်တိုင်အမှတ်(၆၀/၄) နှင့်(၆၀/၅)အကြား စိုင်နိုင်ကွေ့တံတားအနီး အရောက်၌ အရှိန် မထိန်း နိုင်ဘဲ တစ်ဖက် ယာဉ်ကြောဘေးရှိ အန်္တရာယ်ကွေ့သံပေါင် အတားအဆီးနှင့် တံတားအုတ်ခုံအား တိုက်မိ ပြီး ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်ရာသို့ ၀က်လက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်းနိန် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရွှေဘိုခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးဆောင်သော ရှာဖွေကယ်ဆယ် ရေး တပ်ဖွဲ့ ၀င်များနှင့် ခရိုင်လူမှုကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြ သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ဘေးဝဲ/ ယာမှန်/ ရှေ့လေကာမှန်/ ရှေ့ ဘန်ကာနှင့် ဆီတိုင်ကီများ ပျက်စီးခဲ့ပြီး စုစုပေါင်း ငွေကျပ် သိန်း ၃၀ ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါခြောက်ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် ရွှေဘို မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူ လျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်း မျိုးခင်ဇော် အား   ၀က်လက်မြို့မရဲစခန်းက ယာဉ် (ပ)၁၀/၂၀၂၀၊   ရာဇသတ်ကြီးဥပဒေ ပုဒ်မ  ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း   သိရသည်။                           

ထွန်းမြင့်အောင်(ရွှေဘို)

Read 47 times Last modified on Sunday, 03 May 2020 11:03