SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူ ဖမ်းဆီးရမိ

Sunday, 03 May 2020 11:03 font size decrease font size decrease font size increase font size increase font size

ဂန့်ဂေါ၊ မူးယစ်မှု

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ရွာ၌   မေ ၁ ရက်က မူးယစ်ဆေးဝါးများ နှင့်အတူ လက်ဝယ်ထား ရှိဖြန့်ဖြူး ရောင်းချ သူနှင့် သုံးစွဲသူတို့ကိုဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ ကန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အောင်ကျော်ဝင်းတို့ပါဝင်သည့် အဖွဲ့သည် မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲ နေကြောင်း  သတင်းအရ  ဂန့်ဂေါမြို့နယ် ကန်ရွာနေ ထိန်လင်း(ခ)ဖိုးကြာ၏ နေအိမ်သို့ ၀င်ရှောက်ရှာဖွေရာ ၎င်းနှင့် အတူ မူးယစ် ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသော ဇော်မျိုး ထွဋ်(ခ)ညီလေးကိုအသင့်တွေ့ရသည်။

ဆက်လက်၍ ရှာဖွေရာ မီးဖိုဝင်ပေါက် ညာဘက်ရှိ မြေကျင်းထဲမှ ဖြူ/ ၀ါစိမ်းကျား ပ၀ါဖြင့်ပတ်လျက် မူးယစ်ဆေးဝါးဟု ယူဆရ သောဖြူ/ ၀ါရောင်အမှုန့်များထည့်ထား သည့်ပင်နီဆီလင်ပုလင်း လေးလုံး သုည   ဒသမ ၆၅ ဂရမ်ခန့်၊  မီးဖို ခန်း အလယ်တိုင် ခြေရင်းတွင် အစိမ်းရောင်ဆပ်ပြာခွက်အတွင်း မူးယစ်ဆေးဝါးဟု ယူဆရသော ဖြူ/၀ါရောင် အမှုန့် ၉ ဂရမ်ခန့်၊ မူးယစ် ဆေးဝါးရောင်းချရသောငွေဟုယူဆရသည့် ငွေကျပ်သိန်း ၂၀၊ အဖြူရောင် ဖုန်းတစ်လုံးနှင့် ဆိုင်ကယ် တစ်စီးတို့ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူနှစ်ဦးကိုကန်နယ်မြေ ရဲစခန်း   နမစ(ကန်) မယ(ပ)၄ /၂၀၂၀၊ မူး/ စိတ်ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)/၂၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။             

တောင်သား မောင်သန်း    

Read 52 times Last modified on Sunday, 03 May 2020 11:05