SJ WorldNews - шаблон joomla Авто

ဗန်းမောက်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Monday, 04 May 2020 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်  ၆ နာရီခန့်တွင်   တန်ဇွန်းကျေးရွာဘက်မှ ပင်လည်ဘူးမြို့ဘက်သို့ လူတစ်ဦးမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ပေါ်မှ   အထုပ်တစ်ထုပ် ပြုတ်ကျခဲ့သဖြင့် သွားရောက်စစ်ဆေးရာ ဘိန်းဖြူ ၁ဝ ဂရမ်ပါ ဆပ်ပြာခွက်သုံးခွက်၊   WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆ သိန်းကျော်)အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ဗန်းမောက်မြို့နယ်၊ လိပ်ဆောရဲကင်းစခန်းသို့   စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

 

Read 34 times Last modified on Monday, 04 May 2020 08:07