SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်များအား ဖမ်းဆီးရမိ

Monday, 04 May 2020 08:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကုံးမခံကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင် ခန့်အကွာသို့ အရောက်၌ သက်မင်းနိုင်(ဘ) ဦးညီညီ မောင်းနှင်သည့် ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ်တစ်စီးအား တရား မဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁ဝ တန်ခန့် ဖြင့် လည်းကောင်း၊  မင်းထက်ဝင်း(ဘ) ဦးဝင်းဘို မောင်းနှင်သည့် အယ်လ်ဇူးအမျိုးအစား ခြောက်ဘီးယာဉ်တစ်စီးအား တရား မဝင်ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၉ ဒသမ ၅ တန်ခန့်ဖြင့် လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ တရားမဝင် သစ်များနှင့် မော်တော်ယာဉ်များအား မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။                

 

Read 34 times Last modified on Monday, 04 May 2020 08:12