SJ WorldNews - шаблон joomla Авто

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

Tuesday, 05 May 2020 22:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၅

          ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ ဦးချိန်လမ်းနှင့်  မက္ခရာမင်းသားလမ်းထောင့်ရှိ ဦးစိုးမိုးသူ(ဘ)ဦးသူရ၊ အိမ်အမှတ်၊ (၅၉)၊ တက္ကသိုလ် ရိပ်သာလမ်း၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူပိုင်ဆိုင်သည့် Premium Distribution Co.ltd မှ စားသောက်ကုန်ပစ္စည်း သိုလှောင်သည့်ဂိုဒေါင်၌ ယနေ့နေ့လယ် ၁၂ နာရီ ၄၇ မိနစ်ခန့်တွင်  မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

          မီးလောင်မှုဖြစ်ပွားရာနေရာသို့  နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၃ဝ စီး၊ လူနာတင် ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး၊ ကွပ်ကဲမှုယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

           မီးလောင်မှုများကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် မီးပေါ့ဆမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ အဆင့်အဆင့်အား စုံစမ်းစိစစ်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Tuesday, 05 May 2020 22:37