SJ WorldNews - шаблон joomla Авто

ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူများ ဖမ်းဆီးရမိ

Tuesday, 05 May 2020 22:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၅

          ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာနေ ယဉ်မင်းဦး (ဘ)ဦးအောင်လွင် ၏နေအိမ်အား သတင်းအရ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေရာ အား ဇနီးဖြစ်သူ သန်းသန်းနု နှင့်အတူ နေအိမ်၌ တွေ့ရှိရပြီး တို့ထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၆ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅ဝ ကျော်)အား သိမ်းဆည်းရမိခဲ့သည်။

          အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။

Read 34 times Last modified on Tuesday, 05 May 2020 22:39