Print this page

ပြင်ဦးလွင်မြို့နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Tuesday, 05 May 2020 22:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၅

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်ကျေးရွာအနီး မန္တလေး-လားရှိုးသွား ကားလမ်း၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၃ နာရီခန့်တွင် လားရှိုးမြို့မှ မန္တလေးမြို့ ဘက်သို့ မြင့်သန်းဦး(ဘ) ဦးမြင့်နိုင် မောင်းနှင်၍ စိုင်းထက်အောင် (ဘ)ဦးကိုလေး လိုက်ပါလာ သည့် NISSAN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 3C/---- အား ရပ်တန့်စစ်ဆေးရာ ၅ဝ ကီလိုခန့်ပါ အမိုနီယမ်နိုက်ထရိတ် ၃ဝဝ အိတ် ၁၅ဝဝဝ ကီလို၊ (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အား တရား ဥပဒေအရ အရေးယူနိုင်ရေး ပိတ်ချင်းမြောင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 50 times Last modified on Tuesday, 05 May 2020 22:41