SJ WorldNews - шаблон joomla Авто

တမူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ခဲယမ်းများ ဖမ်းဆီးရမိ

Tuesday, 05 May 2020 22:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မေ ၄ ရက် ည ၉ နာရီခွဲခန့်တွင် နန့်ကုလားကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ ပေါက်ပီး(ဘ)ဦးဆွန်ခန့်ခုပ် မောင်းနှင်၍ ဘင်ဇမင်(ဘ) ဦးပက်ခိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်လဲကျပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားခဲ့ကာ နောက်မှလိုက်ပါလာသည့် ဘင်ဇမင် အား ဆိုင်ကယ်နှင့်အတူ တို့ သယ်ဆောင်လာသည့် ပီနံအိတ် ၂ လုံးအတွင်းမှ ဘိန်းဖြူ ၁ဝ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၃၉၆ ခွက် ၃၉၆ဝ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂ဝဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

          ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပေါက်ပီး၏ နေအိမ်အား ယနေ့နံနက် ၃ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အား မတွေ့ရှိရဘဲ ဖခင်ဖြစ်သူ ဆွန်ခန့်ခုပ်အား နေအိမ်ခြံ အတွင်းရှိ ဘေးလွယ်အိတ်အတွင်းမှ ပွိုင့်-၃၂ ကျည် ၂၃၆ တောင့်၊ ၉ မမကျည်အိမ် ၁ ခုနှင့် စနိုက်ပါ မှန်ပြောင်း ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

          အဆိုပါ မူးယစ်ဆေးဝါးများ၊ ခဲယမ်းများ၊ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ သူများအား တရားဥပဒေအရ အရေးယူနိုင်ရေး တမူးမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 37 times Last modified on Tuesday, 05 May 2020 22:44