SJ WorldNews - шаблон joomla Авто

(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) မိုးမိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 12 May 2020 22:07 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၁၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် စင့်ကင်ကျေးရွာ၏ အနောက်မြောက်ဘက်ဘက် မီတာ ၈၀၀ ခန့်အကွာ သို့အရောက်၌ မန်တုံမြို့ဘက်မှ မိုးမိတ်မြို့ဘက်သို့ အမျိုးသား ၂ ဦး ဆိုင်ကယ် ၂ စီးဖြင့် မောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် မသကာင်္၍ စစ်ဆေးရန်ရပ်တန့်စဉ်  တစ်ဦးမှာ ဆိုင်ကယ် အားထား၍ထွက်ပြေးသွားခဲ့ပြီး ဦးလှငွေ ( ဘ ) ဦးစိုးညွှန့်အောင် အား ဆိုင်ကယ် ၂ စီး၊ စိတ်ကြွဆေးပြား ၈၀၀၀၀၀ ပြား၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့်မော်တော်ဆိုင်ကယ်များ မိုးမိတ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံ၍လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 41 times