Print this page

မူဆယ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Sunday, 17 May 2020 22:05 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် မူဆယ်မြို့နယ်အတွင်း ရထိုက်လမ်းဆုံ နေရာ၌ စောင့်ဆိုင်းနေစဉ် စိုးလှိုင်(ဘ)ဦးရွှေမောင် မူဆယ်မြို့နေသူ မောင်းနှင်ပြီး မင်းထက်ကျော်လင်း (ဘ)ဦးသိန်းဝင်း လိုက်ပါစီးနင်းလာသည့် CANDA-125  ဆိုင်ကယ်အမျိုးအစားအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားတွင် သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား  ၁၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၄၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ စိုးလှိုင် အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ပို့ခိုင်းသူမှာ မူဆယ်မြို့၊ ဟိုမွန် ရပ်ကွက်၊ နယ်မြေ(၁၆)နေ မောင်မောင်တူး(ဘ)ဦးဖြူထွား ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က ၎င်း၏နေအိမ်အား သွားရောက်စစ်ဆေးရာ ကွင်းဆက်တရားခံ မောင်မောင်တူးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းနှင့် မောင်မောင်တူးအား မေးမြန်းချက်အရ မူးယစ်ဆေးဝါးများအား စိုးလှိုင်၏ နေအိမ်သို့ ပို့ဆောင်ထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုးလှိုင်၏ နေအိမ်အား နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း စက္ကူဂျပ်ဖာဖြင့် ထည့်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃၆၀၀ ခန့်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ (စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆၀၀၀ ခန့်)နှင့် မော်တော် ဆိုင်ကယ်အား မူဆယ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 46 times Last modified on Monday, 18 May 2020 15:45