SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ၊ မူးယစ် ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ

Sunday, 17 May 2020 22:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် သတင်းအရ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)အုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ စိုင်းလှရွှေ(ဘ) ဦးစံလှိုင်ဟိန်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်း လူတစ်ယောက်မှ တွေ့ရှိခြင်းမရှိဘဲ ကားဂိုထောင် အတွင်းမှ AK-47   ၁ လက်၊ ၎င်းကျည် အိမ် ၉ ခု၊ ၎င်းကျည် ၅၇ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၈ တောင့်၊ Lugar   ၉ မမကျည်   ၂၈ တောင့်၊ WY  စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀ ပြား၊ အိုက်စ် ၁ ကီလိုဂရမ်ခန့်၊ (စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၃၃၀ ခန့်) အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

ပူးပေါင်းအဖွဲ့သည် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိသော ခြံဝန်းနှင့် ဘယ်ဘက်ရှိခြံဝန်းသို့ ဆက်စပ်ထားသည့် မလွယ်ပေါက်တွေ့ရှိရသဖြင့် ဝက်ရောက်ရှာဖွေရာ လုံးချင်း ၁ ထပ်တိုက်အဆောက်အဦအတွင်းမှ မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် WYတံဆိပ်ပါ သံမှို ၉ ချောင်း၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည်  ၁၀ လုံး၊ စတီးမွှေစက် အသေး ၄ လုံး၊ ဖန်ပေါင်းချောင် ၁ လုံး၊ ကြွေကန်တော့ ၁ လုံး၊   ကီလိုချိန်ခွင် ၁ ခု၊ ဆေးပြားရေတွက်သည့်ဗန်း ၁ ခု၊ စတီးအိုး ၂ လုံး၊ ဂေါ်ပြား ၁ ခု၊  ဇကာ ၃ ခု၊ ပါကင်ထုပ်စက် ၁ ခု၊ စတီးဇလုံ ၁ လုံး၊ စတီးမွှေစက်အကြီး ၁ လုံး၊ အခြောက် ခံဗန်း ၁ ခု၊ Star  Brand အပြာအရောင်တင်မှုန့် ၄ ဗူး၊  Food Additives အရောင်တင် မှုန့် ၃ ဗူးနှင့် ဇကာအသေး ၂ ခု တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

Read 25 times Last modified on Monday, 18 May 2020 15:45