SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Sunday, 17 May 2020 22:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ - ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် (၃)မိုင် စစ်ဆေးဂိတ်၌ ယာဉ် ဝင်၊ ထွက်မှုများအား  စစ်ဆေးစဉ် မောင်တော-အငူမော် ကားလမ်းအတိုင်း အငူမော်ဘက်မှ ကျီးကန်းပြင်ဘက်သို့ မောင်လှအေး (ဘ)ဦးကျားတောင် မောင်းနှင် လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 6C/---- ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်နောက်ခန်းပေါ်တွင် မိုးကာဖြင့် အုပ်ထားသည့် မသင်္ကာဖွယ်ရာ ဆာလာအိတ် ၃ အိတ်အား စစ်ဆေးခဲ့ရာ အိတ်များအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၄၈၇၅၀၀ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၉၇၅၀ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  

အဆိုပါ မော်တော်ယာဉ်၊ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား ပြင်ဖြူနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

Read 26 times Last modified on Monday, 18 May 2020 15:45