SJ WorldNews - шаблон joomla Авто

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Tuesday, 19 May 2020 22:04 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၁၉

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီ၂ ၅ မိနစ်ခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နယ်နိမိတ် မှတ်တိုင် ၄၀ ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာနေရာ၌  ခြုံပုတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၇၆၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၅၂၀ ခန့်)နှင့် MPT ဆင်းကတ် ၇၀၀ ကတ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆင်းကတ်များကို သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 19 times