SJ WorldNews - шаблон joomla Авто

ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၇၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Monday, 25 May 2020 09:14 font size decrease font size decrease font size increase font size increase font size

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းအဖွဲ့ သည် မေ ၂၃ ရက် ည ၁၂ နာရီခွဲခန့်တွင် မှော်ရှန်ကျေးရွာအနီး၌ သာယာကုန်းကျေးရွာ ဘက်မှ မောင်းနှင်လာသော မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားခဲ့ ပြီး လိုက်ပါစီးနင်းလာသူ အားဝိန်(ဘ) ဦးဆောက်ရှီကို ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁ဝဝဝ ပြားနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူကိုစစ်ဆေးရာ မူးယစ်ဆေးဝါး များအား ဆိပ်မူကျေးရွာနေ ဦးဇော်ဆိုင်း(ဘ) ဦးဇော်ဂမ် ဆိုသူထံမှဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်သို့သွားရောက်စစ်ဆေး ရှာဖွေရာ ဦးဇော်ဆိုင်း အပါအဝင် ဒေါ်အေး ယိမ်း(ဘ) ဦးချိန်ကီဝေ၊ ဦးအန်တဲ(ဘ) ဦးအိုက်စန်းတို့သုံးဦးကို စိတ်ကြွ ရူးသွပ်ဆေး ပြားမျိုးစုံ ၁၄၈၂ဝဝ ပြား၊ ဘိန်းဖြူအမှုန့် ၁၈ဝ ဂရမ်၊ ဘိန်းစိမ်း ၄၈ဝဝ ဂရမ်၊ ဘိန်းဆီခဲ ၃၃ဝ ဂရမ် (မူးယစ်ဆေးဝါးများစုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၇၆ဝဝ ကျော်)၊ ၉ မမပစ္စတိုတစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ကျည်ငါးတောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါမူးယစ်ဆေးဝါး၊ လက်နက်၊ ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိသူများအား ဖားကန့် မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                 

 

Read 63 times Last modified on Monday, 25 May 2020 09:16