SJ WorldNews - шаблон joomla Авто

မင်္ဂလာဒုံမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Monday, 25 May 2020 21:23 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၅   

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်  မေ ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်း၊ မြနန္ဒာပန်းခြံရှေ့၌ မော်တော်ယာဉ်များအား စစ်ဆေးစဉ် လှည်းကူးဘက်မှ ထောက်ကြန့်ဘက်သို့ အောင်ကျော်ကျော် မျိုး(ဘ)ဦးဝင်းမြင့် မောင်းနှင်လာသည့် TOYOTA  Mark IIအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9H/------ အား စစ်ဆေးရာ ယာဉ်၏ နောက်ဖုံးအတွင်းမှ အဝေးကြည့်မှန်ပြောင်း တပ်ဆင်ထားသော ပွိုင့်-၂၂ သေနတ် ၁ လက်၊   ၎င်းကျည် ၁၁ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ ကျည်ထည့်အိတ် ၁ လုံး၊ သေနတ်  ထည့်အိတ် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   

 

ဖမ်းဆီးရမိသူ အောင်ကျော်ကျော်မျိုး ၏ ပြောကြားချက်အရ ယာဉ်ပေါ်ပါ လက်နက်၊ ခဲယမ်းများကို သိရှိခြင်းမရှိကြောင်း၊  ၎င်းင်းမော်တော်ယာဉ်ကို အစ်ကိုဖြစ်သူ စောဝင်းနိုင်နှင့်  အတူ အသုံးပြုခြင်း ဖြစ်ကြောင်း သိရှိရပြီး အစ်ကိုဖြစ်သူထံသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ၎င်းင်းကိုင်ဆောင်သော သေနတ်ဖြစ် သောကြောင့်  စောဝင်းနိုင်က ထောက်ကြန့်မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်းနှင့် ၎င်းသေ နတ်ကို  ၂၀၁၉ ခုနှစ်၊ မေလတွင် Online မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။   

 

အဆိုပါဖမ်းဆီးရမိသူများနှင့် လက်နက်ခဲယမ်းများအား ထောက်ကြန့်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

Read 66 times Last modified on Monday, 25 May 2020 21:24