SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိ

Tuesday, 26 May 2020 09:01 font size decrease font size decrease font size increase font size increase font size

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်၌   သတင်းအရ မေ ၂၄ ရက် ညနေပိုင်းက မြိုင်-ပခုက္ကူ ကားလမ်းနှင့် သန်းနုတောကျေးရွာတို့တွင် စိတ်ကြွဆေးပြား၈၈၉၆ ပြား သယ်ဆောင်လာသူတစ်ဦး အား ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ်အေးနိုင်နှင့်အဖွဲ့သည် သတင်းအရ မြိုင်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် (၂၅/၇) နှင့် (၂၆/ဝ)အကြား တောဝေးကန်ဇရပ်အနီး၌  မြိုင်မြို့နယ် ကြက်မောက်ကျေးရွာအုပ်စု သန်းနုတောကျေးရွာနေ ဦးမျိုးဆွေ ၃၃ နှစ် မောင်းနှင်လာသော MDY 5L/---ADVANအဖြူရောင်မော်တော်ယာဉ်ကို  ရပ်တန့်စစ်ဆေးရာ  ၎င်း၏ ခန္ဓာကိုယ်ပေါ်နှင့် မော်တော်ယာဉ် အတွင်းမှ စိတ်ကြွဆေးပြား ၁၈၇၇ ပြားနှင့် ဖုန်းနှစ်လုံးတို့အား ရှာဖွေဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍  ပူးပေါင်းအဖွဲ့သည် ဦးမျိုးဆွေနေထိုင်သော  ကြက်မောက်ကျေးရွာအုပ်စု သန်းနုတော ကျေးရွာ၏ အနောက်တောင်ဘက် တောတိုက်အတွင်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေး ပြား ၇ဝ၁၉  ပြားကို   ဖမ်းဆီးရမိသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍  မျိုးဆွေအားမြိုင်မြို့နယ်  မြို့မရဲစခန်းက  ဥပဒေအရအမှုဖွင့် ဆောင်ရွက်ထား ကြောင်း   သိရသည်။                    

 

Read 90 times Last modified on Tuesday, 26 May 2020 09:02