SJ WorldNews - шаблон joomla Авто

နောင်ချိုမြို့နယ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Tuesday, 26 May 2020 22:52 font size decrease font size decrease font size increase font size increase font size

နောင်ချိုမြို့နယ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊  မေ - ၂၆   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဂုတ်တွင်းတံတားအနီး ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် မေ ၂၅ ရက်ညနေ ၆ နာရီခွဲ ခန့်တွင် နောင်ချိုဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသော CROWN အမျိုးအစား မော်တော် ယာဉ်အမှတ် YGN/3B ----------- တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ကျော်ကိုလတ် (ဘ) ဦးချစ်သန်း၊ လိုက်ပါစီးနင်းလာသူ များဖြစ်သည့် စိုင်းရဲကျော်သူ(ဘ) ဦးစိုင်းတင်ဝင်းနှင့် မသီတာခင် (ဘ) ဦးမောင်မောင်တာ တို့နှင့်အတူ ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာဖြင့်ထုပ်ထားသော ဘိန်းဖြူဆပ်ပြာခွက် ၄၄ ခွက်(၄၄၀ ဂရမ်ခန့်) (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၃၀ ကျော်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။   

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆိးရမိသူများအား နောင်ချိုမြို့နယ်၊ ရဲစခန်း၌ တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 39 times