SJ WorldNews - шаблон joomla Авто

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၌ လက်နက်ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

Tuesday, 26 May 2020 22:55 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၆   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းအဖွဲ့ သည် ကံ့ကော် အဝိုင်းမီးပွိုင့်လမ်းဆုံနေရာ၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ် ခန့်တွင် ကောင်းမှုတုံရပ်ကွက်ဘက်မှ မူဆယ်မြို့တွင်းသို့ မောင်းနှင် လာသည့် Harrier  အမျိုး စားလိုင် စင်မဲ့မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယဉ်မောင်းဖြစ်သူ ဝင်းဇော်ပိုင်(ဘ)ဦးယိုင်တင်ကို ယာဉ်ပေါ်မှ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   

 

 

 

 

ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ မော်တော်ယာဉ်မှာ ၎င်း၏ဖခင်ဖြစ်သူ  ဦးယိုင်တင်(ဘ) ဦးဆွဲ့စံထွန်း ပိုင်ဆိုင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဦးယိုင်တင်နေထိုင်သည့်  Moon Light KTV ဆိုင်သို့ သွားရောက်စစ်ဆေးရာ ၎င်းအား တွေ့ရှိခြင်းမရှိဘဲ ၎င်းင်းနေထိုင် သောအိပ်ခန်းအတွင်းရှိ သံဘီရို အတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉မမ ကျည် ၁၀ တောင့်၊ ပွိုင့်-၃၈ ကျည်  ၈ တောင့်၊ အမ်-၂၂ ကျည် ၃၂ တောင့်၊ စက်လက်ကျည် ခါးပတ်တွဲ(အတို) ၁ ခု၊ လက်ပစ်ဗုံးဖြူးစ် ၂ ခုနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

အဆိုပါဖမ်းဆီးရမိသူ၊ ယာဉ်နှင့်လက်နက်၊ခဲယမ်းများကို မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ခရီးလွန်နေသူ ဦးယိုင်တင်အား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 56 times Last modified on Tuesday, 26 May 2020 23:11