SJ WorldNews - шаблон joomla Авто

လွိုင်လင်မြို့နယ်၌ ငွေကျပ် ၄ဝ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များသိမ်းဆည်းရမိ

Wednesday, 27 May 2020 08:28 font size decrease font size decrease font size increase font size increase font size

 

လွိုင်လင်မြို့နယ်၌ မေ ၂၄ ရက် နံနက် ၂ နာရီက ငွေကျပ် ၄ဝ ဘီလီယံကျော် တန်ဖိုးရှိ    အိုက်စ်များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၂၄ ရက် နံနက် ၂ နာရီက သက်သေများနှင့် အတူ လွိုင်လင်မြို့ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးကားလမ်း၌ ခွန်စံဦး မောင်းနှင်ပြီး ဝေလင်းထွန်းလိုက်ပါလာသည့် ၁၂ ဘီးအမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ¤င်းမော်တော်ယာဉ် အတွင်းမှ အိုက်စ် ၁၆၁၅ ကီလိုသိမ်း ဆည်း ရမိခဲ့သည်။

 

ခွန်စံဦး ၄၃ နှစ်နှင့် ဝေလင်းထွန်း ၃၇ နှစ်တို့ကို စစ်ဆေးချက်အရအမှုတွင် ပါဝင်ပတ်သက်သူများ ဖြစ်သည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့နယ်ခွဲ ကျွန်းချောင်းအုပ်စု လေးဖာ ထော ကျေးရွာနေ ကိုသူ(ခ)မြင့်သူ၊ ကိုဖြူနှင့် မိုင်းရှူးမြို့နယ်   ဝမ်ဟိုင်းကျေးရွာအုပ်စု ဝမ်ဆော့ကျေးရွာ နေ ကိုစိုင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။    

 

Read 66 times Last modified on Wednesday, 27 May 2020 08:29