SJ WorldNews - шаблон joomla Авто

မူဆယ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Wednesday, 27 May 2020 21:17 font size decrease font size decrease font size increase font size increase font size

မူဆယ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၊  မေ - ၂၇   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် သတင်းအရ အောက်နမ့်ဟွယ် ကျေးရွာသို့ ရောက်ရှိစဉ် သတင်း အရ အောင်ပန်(တိမ်းရှောင်နေသူ)နေအိမ်သို့ဝင်ရောက် ရှာဖွေရာ အိမ်ခန်းအတွင်းမှ ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံး၊ အမ်-၂၂ ကျည် ၈ တောင့်အား လည်းကောင်း၊ သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှု ရှိသည့် ၎င်းကျေးရွာရှိ ညီအောင်(ဘ)ဦးအိုက်ဆိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဖမ်းဆီးရ မိခဲ့ပြီး ဆက်လက်ရှာဖွေရာ ဇော်ဦး(ဘ)ဦးစွဲ့စိုင်းထွန်း ၏ နေအိမ်ရှိ ဘုရားစင်အောက်  ကွပ်ပျစ်အောက်၌  ပီနံအိတ်ဖြင့် ထုပ်ပိုးထားသည့် အမ် -၂၂ သေနတ် ၂ လက်၊ ၎င်းကျည် ၁၀၈ တောင့်၊ ၎င်းင်းကျည် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လွယ်ကြိုး ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အထက်နမ့်ဟွယ်ကျေးရွာရှိ အိုက်ပီး(ဘ)ဦးဆွဲခမ်းရီ  နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအတွင်း၌ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထား သည့် ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည် ၆ တောင့်၊TNLA ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံးနှင့် လက်ထိပ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများနှင့် လက်နက်၊ ခဲယမ်းများအား သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 36 times