SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှု ဖြစ်ပွား

Wednesday, 27 May 2020 21:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှု ဖြစ်ပွား

နေပြည်တော် ၊  မေ -၂၇   

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ခြံအမှတ် (၆၃/ ၆၄)စက်မှု လမ်းသွယ် (၁) နှင့် အင်ကြင်းမြိုင်လမ်းထောင်းရှိ PMG  အရက်ချက်စက်ရုံ၌ ယနေ့ နံနက် ၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက မီးသတ်ယာဉ် ၄၂ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။   

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ဂိုဒေါင် ၁ လုံးနှင့် မော်တော်ယာဉ် ၁ စီးတို့ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 36 times