SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Wednesday, 27 May 2020 21:31 font size decrease font size decrease font size increase font size increase font size

ရေးမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ - ၂၇   

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ယနေ့ညနေပိုင်းတွင် လမိုင်းမြို့၊ နှင်းစုံကျေးရွာ ၏ အနောက်ဘက်မီတာ ၅၀၀ ခန့်အကွာရှိ ရာဘာခြံအတွင်း၌ တရားမဝင် သစ်ခွဲသားဆိုဒ်စုံ  ၂၀ တန်ကျော်အား သိမ်းဆည်းရမိခဲ့သည်။  

အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား လမိုင်းမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 35 times