SJ WorldNews - шаблон joomla Авто

မုဒုံမြို့နယ်၌ တရားမဝင်သစ်များသိမ်းဆည်းရမိ

Thursday, 28 May 2020 21:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  မေ -၂၈
    
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှင်းစုံကျေးရွာနှင့် အနှင်းကျေးရွာတို့ အနီးဝန်းကျင်၌ တရားမဝင်သစ်များ စုပုံထားကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲ့များက ယနေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နှင်းစုံ- အနှင်းသွားလမ်း၏ အနောက် ဘက်မီတာ ၁၂၀၀ ခန့်အကွာ၌ တရားမဝင်စုပုံထားသော ပိတောက်သစ်ဆိုဒ်စုံ ၁၂၃ တုံး(၂၈ ဒသမ ၅ တန်ခန့် စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၉၉၆ သိန်းကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား လမိုင်းမြို့ သစ်တောဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 59 times Last modified on Thursday, 28 May 2020 21:52