SJ WorldNews - шаблон joomla Авто

မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ လက်ပစ်ဗုံး၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Thursday, 28 May 2020 21:50 font size decrease font size decrease font size increase font size increase font size

မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ လက်ပစ်ဗုံး၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ -၂၈   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ မသင်္ကာဖွယ်လက်ဆွဲအိတ်တစ်လုံး တွေ့ရှိကြောင်းသတင်းအရ ယနေ့ ညနေ ၄ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ လက်ဆွဲ အိတ်အတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ တိုက်မိုင်း ၁ လုံး၊ တိုက်ကြိုး ၃ ချောင်း၊ ဆိုင်ကယ်ဘက် ထရီ ၂ လုံးနှင့် ရီမု ၁ ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။   

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ အသေးစိတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 38 times