SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာအနီး တရားမဝင်စုပုံထားသော ပိတောက် သစ်ခွဲသားများ သိမ်းဆည်းရမိ

Thursday, 28 May 2020 21:56 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာအနီး တရားမဝင်စုပုံထားသော ပိတောက် သစ်ခွဲသားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မေ - ၂၈   

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာအနီး၌ တရားမဝင် သစ် များစုပုံထားကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများက ယနေ့ ညနေပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ ကြက်တူရွေး တောင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ဒုံသမိချောင်းအနီး၌ စုပုံထား သည့် ပိတောက်သစ်ခွဲသားဆိုဒ်စုံ တန် ၁၀၀ ခန့်(ကာလတန်ဖိုး ငွေကျပ်သိန်း ၃၅၀၀ ခန့်)အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။   

အဆိုပါသိမ်းဆည်းရမိ ပိတောက်သစ်ခွဲသားများအား သထုံမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်လက် အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် စိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 35 times