SJ WorldNews - шаблон joomla Авто

မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာနှင့် နောင်မွန်ကျေးရွာတို့အနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Friday, 29 May 2020 23:07 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၉   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၈ ရက် ည ၆ နာရီခန့်တွင် နောင်ရမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ တဲပျက်၏ အနောက်ဘက်ချုံပုတ်အတွင်းမှ ဆာလာအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသော အမ်-၂၁ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ အမ်-၂၀ (ပါရာပစ္စတို) ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။  

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် နောင်မွန်ကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ လယ်စောင့်တဲပျက် အောက်၌ သွပ်ပြားဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသည့် အမ်-၂၂ သေနတ် ၁ လက်၊ အမ်- ၁၆ သေနတ် ၁ လက်နှင့် ၎င်းကျည် အိမ် ၁ ခု၊ အမ်-၂၂ သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။   

အဆိုပါသိမ်းဆည်းရမိ လက်နက်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 43 times Last modified on Friday, 29 May 2020 23:15