SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Tuesday, 02 June 2020 20:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  ဇွန် - ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နံနက် ၈ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ယမ်းခေါင်ကျေးရွာအနီး၌ စောင့်ဆိုင်းနေစဉ် စန်းလုကျေးရွာဘက်မှ   ယမ်းခေါင်ကျေးရွာဘက်သို့ လောင်ဒန်(ဘ) ဦးလော်ဂေါ် မောင်းနှင်လာသည့် Wave-i  အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ဂွကြားတွင် ညှပ်၍ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀၂၀၀၀ ပြားခန့်(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား တာချီလိတ် မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Tuesday, 02 June 2020 20:25