SJ WorldNews - шаблон joomla Авто

ကျိုင်းတောင်းမြို့နယ်အတွင်း တရားမဝင်သစ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား  သိမ်းဆည်းရမိ  

Tuesday, 02 June 2020 20:25 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  ဇွန် - ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ခန့်တွင် ကျိုင်းတောင်း မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ၌ စုပုံထားသော တရားမဝင် ပိတောက် သစ်ခွဲသားဆိုဒ်စုံ ၁၀ တန်ခန့်၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၀ တန်ခန့် နှင့်အတူ လိုင်စင်မဲ့ မော်တော်ယာဉ်  ၅ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တရားမဝင်သစ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ကျိုင်းတောင်းမြို့ရှိ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 34 times Last modified on Tuesday, 02 June 2020 20:35