SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး မန္တလေး-လားရှိုးလမ်းမဘေး၌ အက်ဆစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁ စီးအား သိမ်းဆည်းရမိ

Tuesday, 02 June 2020 20:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  ဇွန် - ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ မန္တလေး- လားရှိုး လမ်းမဘေး၊ မိုင်တိုင်အမှတ်(၃၂/၆)၌ ယာဉ်အမှတ်၊ YGN-9N/-----------MAN အမျိုးအစား အဖြူရောင်ယာဉ်တွဲကားခေါင်းနှင့် ကိုယ်ထည်အမှတ်၊ 1TLR/----------- တပ်ဆင်ထားသော အဖြူရောင်တွဲယာဉ်သည် ရပ်တန့်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သတင်းပေးချက်အရ ဇွန် ၁ ရက် နံနက် ၈ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်မောင်းအား တွေ့ရှိရခြင်းမရှိဘဲ ယာဉ်ပေါ်မှ အက်ဆီတုန်း အက်ဆစ် ၄၅ ဂါလန်ခန့်ပါ ပေပါ ၇၅ လုံး(စုစုပေါင်း ၃၃၇၅ ဂါလန်ခန့်)နှင့် တော်လူအင်း အက်ဆစ် ၄၅ ဂါလန်ခန့်ပါ ပေပါ ၈၀ လုံး(စုစုပေါင်း ၃၆၀၀ ဂါလန်ခန့်)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိယာဉ်နှင့် အက်ဆစ်များအား ပြင်စာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 37 times Last modified on Tuesday, 02 June 2020 20:36