SJ WorldNews - шаблон joomla Авто

ငါးကန်စောင့်နေသည့် ဘင်္ဂါလီများအား အမည်မသိဘင်္ဂါလီ ၃ ဦးက လက်နက်ငယ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်

Wednesday, 03 June 2020 23:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန်-

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်(မြောက်)ကျေးရွာအနီးရှိ ငါးကန်၌ ငါးကန်စောင့် အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂါလီ အမျိုးသားများအား ဇွန် ရက် နေ့လယ်ပိုင်းတွင် အမည်မသိဘင်္ဂါလီ ဦးက လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘင်္ဂါလီ ဦး သေဆုံးသွားကြောင်း ရွက်ညိုတောင်(မြောက်)ကျေးရွာတာဝန်ခံမှ သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်(မြောက်)ကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်ရှိ ငါးကန်၌ အဒူမာလိတ်()အဒူနော်ဘီ၊ နူမာမက်() မာမက်ရှော်ဘီ၊ ကူလာမြာ()အာဘူခါဆင်း နှင့် အီမာဟူဆင်း()အာမီရာဟူ တို့ ဦးသည် ဇွန် ရက် နေ့လယ် နာရီခွဲခန့်တွင် ငါးကန်စောင့်နေစဉ် အမည်မသိ ဘင်္ဂါလီ ဦး ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး အသင့်ပါလာသော ပစ္စတိုသေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ် သွားခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် အဒူမာလိတ်(၄၆)နှစ်()အဒူနော်ဘီ မှာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ချောင်းနယ်မြေရဲစခန်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 64 times Last modified on Wednesday, 03 June 2020 23:59