SJ WorldNews - шаблон joomla Авто

စဉ့်ကူးမြို့နယ်၊ မကွေ့တစ်ရာရွာ၏ အနောက်ဘက်၌ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 26 June 2020 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကံဖြူကျေးရွာအနီး     မန္တလေး-မိုးကုတ် ကားလမ်းမိုင်တိုင်အမှတ်၊ (၂၀/ဝ)နှင့်(၂၀/၁) အကြားနေရာ၌ ဇွန် ၂၄ ရက်တွင် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသော ဏနြေမသ အမျိုးအစားမော်တော် ယာဉ်အမှတ်၊ YGN/------ သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် မောင်းနှင်လာသည့်    မော်တော်ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

မောင်းနှင်ထွက်ပြေးသွားသောမော်တော်ယာဉ်အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက   လိုက်လံဖမ်းဆီးရာ စဉ့်ကူးမြို့နယ်၊ မကွေ့တစ်ရာရွာ၏ အနောက်ဘက် နဂါးမောက်တောင်စောင်း၌ ယာဉ်အားရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သည်။

မော်တော်ယာဉ်အားစစ်ဆေးရာ  ယာဉ်ပေါ်မှ ဆာလာအိတ်ငါးအိတ်ဖြင့် ထုပ်ထားသော ဘိန်းဖြူဆပ်ပြာခွက်  ၈၈၀ ခွက်(၈ ဒသမ ၈ ကီလိုဂရမ်ခန့်)(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၈၈၀၀ ခန့်)ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် ၎င်းင်းမော်တော်ယာဉ်ဖြင့် တိုက်မိသည့်   ဆိုင်ကယ်မောင်းနှင်သူ ဦးအေးကိုမှာ မစိုးရိမ်ရဒဏ်ရာဖြင့် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား ထုံးကြီးနယ်မြေရဲစခန်းသို့  စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်းနှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။    

Read 17 times Last modified on Friday, 26 June 2020 09:24