SJ WorldNews - шаблон joomla Авто

မိတ္ထီလာမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ ဗုံးသီးဟောင်းများနှင့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ

Friday, 26 June 2020 09:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နေ ဖိုးဇော်(ဘ) ဦးမြသိန်းသည် ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေမြောင်းတူးနေစဉ် ဗုံးသီးဟောင်းနှစ်လုံးတွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျား ၁၄ လက်မ၊ လုံးပတ် ၁၁ လက်မခန့်ရှိ  ဗုံးသီးဟောင်းနှစ်လုံးကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

အလားတူ    မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အောက်ကိုင်းကျေးရွာနေ ဦးစောယုလွင်(ဘ) ဦးဖိုးမြင့်သည် ဇွန် ၂၄ ရက် ညနေ ၃ နာရီခန့်တွင် ယာမြေသို့ သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက် ၄ ဖာလုံခန့်အကွာနေရာသို့ အရောက်၌ လက်ပစ်ဗုံးဟောင်းတစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းများနှင့် လက်ပစ်ဗုံးတို့ကို အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်ဆိုင်ရာနယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်များမှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Friday, 26 June 2020 09:26