SJ WorldNews - шаблон joomla Авто

ဗန်းမော်မြို့နယ်၊ မိုးမိတ်-ဗန်းမော်သွားကားလမ်း၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Friday, 26 June 2020 22:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မံသာကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့် အကွာရှိ မိုးမိတ်-ဗန်းမော်သွားကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇွန် ၂၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် သံတံတား ကျေးရွာဘက်မှ မံသာကျေးရွာဘက်သို့ ဘရန်နူးအောင်(ဘ) ဦးထွန်းအေး မောင်းနှင်၍ မမွန်ဆန်ဂျာ(ဘ)ဦးနော်အောင် လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြား၊ 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၀ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဗန်းမော်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 22 times Last modified on Friday, 26 June 2020 22:03