SJ WorldNews - шаблон joomla Авто

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

Saturday, 27 June 2020 09:16 font size decrease font size decrease font size increase font size increase font size

ဒိုက်ဦး  ဇွန်  ၂၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဒိုက်ဦးမြို့နယ် ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ်(၅၈/ဝ)၌ ဇွန် ၂၆ ရက်နံနက် ၅ နာရီခန့်က  ခရီးသည်တင်ယာဉ်နှင့်  အိမ်စီးယာဉ်တို့  တိုက်မိမှုဖြစ်ပွားကြောင်း  အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၅၈/ဝ)နှင့်(၅၈/၁)အကြား၌ နေပြည်တော်မှ  ရန်ကုန်သို့ ယာဉ်မောင်း ဝေဖြိုးဇော် ၂၈ နှစ် ဥတ္တရသီရိမြို့နယ် နေပြည်တော်နေသူ မောင်းနှင်လာသော Honda Fit မီးခိုးရောင်ယာဉ်သည် လမ်းအရှေ့ဘက်ခြမ်း ရန်ကုန်-နေပြည်တော် တရားမဝင် လမ်းဖြတ်သို့ ဖြတ်ကွေ့စဉ် လားရာတူ  နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကျော်ဇောထွန်း ၃၈ နှစ် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး နေသူမောင်းနှင်သော မန်းရွှေပြည်ခရီးသည်တင်ယာဉ်က   အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် Honda Fit ယာဉ်မှာ မန်းရွှေပြည်ခရီးသည်တင် ယာဉ်၏ ယာဘက်ဘန်ကာနှင့် တွဲပါသွားသည်။ ဖြစ်စဉ်ကြောင့် မန်းရွှေပြည် ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်း အပါအဝင် ခရီးသည် ၁၅ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း Honda   Fitယာဉ်ပေါ်ပါ  အမျိုးသား လေးဦးအနက်နှစ်ဦးမှာ  ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇောထွန်းနှင့် ဝေဖြိုးဇော်တို့ နှစ်ဦးအား ဘောနီအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၈/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Read 16 times Last modified on Saturday, 27 June 2020 09:17