SJ WorldNews - шаблон joomla Авто

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

Saturday, 27 June 2020 10:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရေဝပ် ဧရိယာအတွင်း တရားမဝင်ရွှေမျောများနှင့် ပတ်သက်၍ အဂတိလိုက်စားသော ဌာနဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးပါရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။

လွှဲပြောင်းစာအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို(ပ/၅၁၉၉)သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၃ဝဝဝဝဝ ကို လည်းကောင်း၊ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်မျိုးဦး (ရဲ ၄၃ဝ၂)သည် တရားမဝင် ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကျပ် ၅၅ဝဝဝဝ ကို နှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ကျွန်းလှမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူးသန်းထိုက် (ရဲ ၅ဝဝ၃)သည် တရားမဝင် ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကျပ် ၇၅ဝဝဝဝ ကို သုံးကြိမ်ခွဲ၍ လည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ ခုနစ်ဦးတို့ထံမှ ငွေကျပ်  ၂၉ဝဝဝဝ ကိုသုံးကြိမ်ခွဲ၍ လည်းကောင်း၊  နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ်  မျိုးလွင် (လ ၁၉၉၂၁၂) သည် ငွေကျပ် ၂၅ဝဝဝဝ ကိုသုံးကြိမ်ခွဲ၍ လည်းကောင်း၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်  ရဲအုပ်  ရဲလင်း(လ ၂၂၂၈၈၇)သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၂ဝဝဝဝဝ ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ငါးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့မရဲစခန်း၌ ဇွန် ၂၆ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍  တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။

 

Read 14 times Last modified on Saturday, 27 June 2020 10:26